7 October 2020

Myanmar HSE Webinar 2020 .

Myanmar HSE Webinar 2020 ကို ရည်ရွယ်ချက် (၄) ရပ်ဖြင့် လက်ရှိမြန်မာနိုင်ငံ ကျွမ်းကျင်နယ်ပယ်အသီးသီးမှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သင်ကြားရေးဆိုင်ရာကဏ္ဍတွေမှာ အတွေ့အကြုံရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေက ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။

 

ရည်ရွယ်ချက်

၁) COVID-19 ကြောင့် အိမ်မှာနေကြတဲ့ အချိန်မှာ နှလုံးသားခြင်းနီးနေကြမယ်ဆိုသလို သိကောင်းစရာများကို ပညာမျှဝေရန်၊

၂) နယ်ပယ်အသီးသီး၏ လုပ်ငန်းပုံစံပြောင်းလဲလာမှုနှင့်အတူ သက်ရောက်မှု အကျိုးအပြစ်များကို အပြန်အလှန်ဆွေးနွေးအဖြေရှာပြီး တစ်ထောင့်တစ်နေရာမှ အကူအညီဖြစ်စေရန်၊

၃) ဆွေးနွေးပွဲ၏ ရလဒ်များမှ အနာဂတ် မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထများအတွက် မူဝါဒချမှတ်နိုင်ရေး၊ ဖွံ့ဖြိုးရေး၊ စီမံခန့်ခွဲရေးများတွင် အထောက်အပံ့ဖြစ်စေရန်၊

၄) WSH Myanmar တည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမှတ်တရလှုပ်ရှားမှုကို COVID-19 ကြောင့် အိမ်မှာနေကြတဲ့ အချိန် Online မှတဆင့် တိုက်ရိုက်ပါဝင်နိုင်စေရန်။

 

Registration link - https://forms.gle/8gYXR8WgDRtncXAUA

Together we develop a safety culture.

Team WSH Myanmar 🇲🇲

#HSE #HSEWebinar #safetyculture #wshmyanmar #MMHSEWebinar2020 #safety #environmental #occupationalhealth